Christian Bible install on Ubuntu

ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့  xiphos လို့ခေါ်တဲ့ Bible App လေးနဲ့ပါ။

 

Ubuntu Linux အသုံးပြုနေတဲ့ ခရစ်ယာန်ညီအစ်ကိုမောင်နှမတွေအတွက် Ubuntu ပေါ်ကနေ Bible ဖတ်လို့ရမယ့် App လေးဖြစ်ပါတယ်။ English Version သာမက Myanmar (Judson Version) နဲ့ လည်း  ဖတ်လို့ရမှာပါ။ ကဲ.. Xiphos ကို install လုပ်မယ်ဆိုရင် terminal ကနေ အောက်က အတိုင်း ရိုက်ရပါမယ်။

$ sudo add-apt-repository ppa:unit193/crosswire
$ sudo apt-get update
$ sudo apt-get install xiphos

ပြီးတာနဲ့ xiphos app ကို ဖွင့်လိုက်ပါ။ ပထမဆုံးအနေနဲ့ module manager ကနေ bible text တွေကို install ပေးရပါမယ်။

Module Manager ကနေ install/Update ကိုရွေးပေးပါ။ Module Name တွေမပေါ်ဘူးဆိုရင် Refresh ဆိုတာလေးကို နှိပ်ပေးပါ။ Module Name တွေပေါ်လာရင် Biblical Texts ဆိုတာကိုရွေးပေးပြီး မြန်မာ ကိုရွေးပေးရပါမယ်။ zawgyi fonts သွင်းထားရင်တော့ စာအမှန်မပေါ်ပါဘူး။ unicode ပဲရှိတယ်ဆိုရင် တော့ စာအမှန်ပေါ်ပါလို့မယ်။ မြန်မာကိုရွေးပေးလိုက်ရင် judson (burjudson ) ဆိုပြီးပေါ်လာရင် သူ့ ကို အမှန်ချစ်လေးပေးပြီး + install ဆိုတာကိုနှိပ်ပေးရပါမယ်။

အဲ့ဒါပြီးရင်တော့ installation စတင်လုပ်ဆောင်ပါလိမ့်မယ် ပြီးသွားရင်တော့ Xipho Bible app ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Shwe Tun (Pakokku )

shwetun@pakokkuit.net

 

 

Leave a Reply

Your email address will not be published. Required fields are marked *